ဟားခါး မေ ၂၂
ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှအထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်း၌ ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပင်စင်ထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါများနှင့် အခြားရောဂါများကို အခမဲ့စစ်ဆေးပေးလျက်ရှိသည့်အပြင် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ပေးနေမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)