ဟားခါး မေ ၂၂
၂၀၂၅−၂၀၂၆ ပညာသင်နှစ်၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာကျောင်းတက်ရောက်နိုင်ရေးအတွက်ရည်ရွယ်၍ မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီက ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအတန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က သွားရောက်ကြည့်ရှုအားပေးကြောင်းနှင့် သန့်ရှင်းရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပညာရေးဦးစီးဌာနစသည့် ဟားခါးမြို့ပေါ်ရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းနှင့်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များပါဝင်သည့် အင်အား(၁၅၀)ဦးခန့်က စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)