ချင်းပြည်နယ်

ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ရက်ပြည့်သူ (၂၃)ဦးအား Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ဟားခါး နိုဝင်ဘာ ၁၆ ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၂၃ ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် နိုဝင်ဘာလ ၁၆ ရက်နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) အထက်ဖြင့် ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ခြင်းကျင်းပ

ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) အထက်ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စစ်မှုလက်မှုဝန်ကြီး ဦးစိုးထက်တက်ရောက် အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ခိုင်ကမ်း၌ နေရပ်ပြန်လည်‌ ရောက်ရှိလာသူအား အသွားအလာကန့်သတ်မှု ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မလေးရှားနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ရန်ကုန်မြို့ မှတဆင့် ခိုင်ကမ်းမြို့သို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်လည်‌ရောက်ရှိလာသည့် အသက်(၂၄)နှစ်အရွယ်၊ ခိုင်ကမ်းမြို့ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားအား စည်ပင်ဈေး CBFQတွင် (၇)ရက် ထပ်မံအသွားအလာကန့်သတ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားများ ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက လွယ်ဘွာလ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မင်းတပ်မြို့တွင် Stay at Home သတ်မှတ်ထားသောဒေသမှ တရားမဝင်လာရောက်သူများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်သမဝါယမဦးစီးဌာန၏ တင်ဒါဖွင့်ပွဲသို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်တက်ရောက်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်သမဝါယမ ဦးစီးဌာန၏ တင်ဒါဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မင်းတပ်မြို့တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT စနစ်ဖြင့် နေ့စဉ်စစ်ဆေးခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့၊ ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ သွားရောက်မည့် ကုန်တင်ကားများ၏ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံ၌ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့တွင်း ရေဖြန့်ဝေပေးသည့် ဂါလံ (၄) သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေး ပြန်လည် ဆောင်ရွက်ပေး

ဟားခါးမြို့တွင်း ရေဖြန့်ဝေပေးသည့် ဂါလံ(၄)သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့တွင် ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကန်ပက်လက်မြို့သို့လာရောက်သူ/ Facility Quarantine ထားရှိသူအနက် (၁)ဦးတွင် ပထမဦးဆုံး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့သို့ မန္တလေးမြို့မှ (၁၀.၁၁.၂၀၂၀) ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် လာရောက်သူများအနက် (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက်အရသိရသည်။

ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသား (၃၂)ဦးအတွက် ဆန်အိတ်များထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းနှင့် အသင်းသား(၃၂)ဦးအတွက် ဆန်အိတ်များထောက်ပံ့ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ​ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ နံနက် ၉နာရီအချိန်က ဟားခါးမြို့၊ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Subscribe to ချင်းပြည်နယ်