ချင်းပြည်နယ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သုံးသိန်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက လက်ခံခဲ့ကြကြောင်း သိရှိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်ရောဂါ ရှိ မရှိ နေ့စဉ် စစ်ဆေးလျက်ရှိရာ ယနေ့ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို ဆေးစစ်ရာမှကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည် ပစ္စည်းများ ပို့ဆောင်မောင်းနှင်သည့် ယာဉ်​​နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

ခိုင်ကမ်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကိုဗစ်-၁၉ ကာလအတွင်း ကလေးငယ်များအား မေတ္တာဖြင့်ပျိုးထောင်ခြင်းနှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ သိကောင်းစရာ Talk Showပြုလုပ်

ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူ ဗဟုသုတမျှဝေပေးနိုင်ရေးအတွက် Online မှတစ်ဆင့် ပုံပြင်များဖတ်ပြခြင်း၊ စက္ကူခေါက်နည်း အမျိုးမျိုးပြသခြင်းနှင့် ဗဟုသုတများ မျှဝေနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ Online Talk Show များ လစဉ်ပြုလုပ်ကာ Face book page များမှ ထုတ်လွှင့်ပြသ လျက်ရှိသည်။

တီးတိန်၌ Physical Fitness Dance အွန်လိုင်းမှ တစ်ဦးချင်းပြိုင်ပွဲဝင်ရန် စတင်လေ့ကျင့်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန (နေပြည်တော်)၏ ကြီးမှူးပြုလုပ်သည့် Physical Fitness Dance အွန်လိုင်းမှ မြို့နယ်အလိုက် တစ်ဦးချင်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ တီးတိန်မြို့နယ်မှ ပြိုင်ပွဲဝင်ရောက်မည့် သူများအား ယမန့်နေမှ စတင်၍ လေ့ကျင့် နေကြကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၁ ဦး ဆေးစစ်သည့်အနက် ကလေးမှ တီးတိန်သို့ ကုန်စုံပစ္စည်းများပို့ဆောင် မောင်းနှင်မည့် ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ချွန်ကျုံး ကျေးရွာနှင့် ကျင်ခွါးကျေးရွာတို့တွင် ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်း တည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်/နှစ်ရှည်ပင် များအတွက် လျော်ကြေးပေးအပ်

မင်းတပ်မြို့တွင် ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းတည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်/နှစ်ရှည်ပင် များအတွက် လျော်ကြေးငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား အိမ်ပြန်ခွင့်လက်မှတ်ပေးအပ်

မင်းတပ်မြို့ လူငယ်သင်တန်းကျောင်းအမှတ် (၂) ၌ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား ယမန်နေ့မွန်းလွဲ (၂) နာရီတွင် Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား အိမ်ပြန်ခွင့်လက်မှတ် ပေးအပ်ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးရှိခဲ့ပြီး (၉) ဦး ကျန်းမာစွာ ဆင်းရုံဆင်းခဲ့ပြီးနောက် လက်ရှိတွင် အမျိုးသမီး (၁) ဦးသာကျန်ရှိ

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့အတွင်း ဝင်ထွက်သွားလာသည့် ကုန်စည်သည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့ဝင်ဂိတ်များတွင် Swab နမူနာစစ်ဆေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိ လာသူများအား Facility Quarantine ဝင်ပြီး Swab နမူနာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမှ ရောဂါပိုး တွေ့ရှိသူ ပေါင်း (၁၀) ဦးရှိခဲ့ပြီး (၉) ဦးမှာ ကျန်းမာစွာ ဆင်းရုံဆင်းခဲ့ပြီးနောက် ယနေ့တွင် အမျိုးသမီး (၁) ဦးသာကျန်ရှိပြီး ဟားခါးမြို့၊ တိုင်းရင်းဆေးရုံတွင် ဆေးကုမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
Subscribe to ချင်းပြည်နယ်