ဟားခါး နိုဝင်ဘာ ၁၃
ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းနှင့် အသင်းသား(၃၂)ဦးအတွက် ဆန်အိတ်များထောက်ပံ့ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ နံနက် ၉နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်းနာယက ဒေါ်ခင်မာအေးက အကြံပြုလမ်းညွှန်ခြင်းဆိုင်ရာ အဖွင့်အမှာစကားပြောကြားပြီးနောက် ဒိန်ဒီးငွေစုငွေချေး သမဝါယမ အသင်းအတွင်းရေးမှူး ဒေါ်ဗျက်ပါရ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက် ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြ သည့် အသင်းသားများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်းအမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက်ခြင်း ဆောင်ရွက် ကြရာ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒိန်ဒီးငွေစုငွေချေးသမဝါယမ အသင်းဥက္ကဋ္ဌ ဒေါ်တီလ်လှောန်ဇီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်းသားများအား ဆန်အိတ် ထောက်ပံ့ခြင်းကို ဆက်လက် ဆောင်ရွက် ကြရာ အသင်းသား (၁)ဦးလျှင် (၄)ပြည်ပါ ဆန်အိတ်(၁)အိတ် နှုန်းဖြင့် အသင်းသား(၃၂)ဦးအတွက် ဆန်အိတ် (၃၂)အိတ်ကို ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေး သမဝါယမ အသင်းဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက အသင်းသားများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)