ဟားခါး နိုဝင်ဘာ ၁၆
ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) အထက်ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စစ်မှုလက်မှုဝန်ကြီး ဦးစိုးထက်တက်ရောက် အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလွှန်ဆဝုန်က တင်ဒါစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားပြီးနောက် အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချင်းပြည်နယ်အတွင်းရှိ လမ်းတံတားဆောက်လုပ်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ရေပြွန်၊ ရေမြောင်းနှင့် ရေပေးရေး အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း (၁၇) ခုကို ချင်းပြည်နယ်စည်ပင် သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) အထက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါလာရောက် တင်သွင်းလျှောက်ထားသည့် ကုမ္ပဏီပေါင်း (၁၂၂) ခုရှိကြောင်း နှင့် အိတ်ဖွင့် တင်ဒါရွေးချယ်ရာတွင် တင်ဒါစည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိသူများသာ ရွေးချယ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလွှန်ဆဝုန်ထံမှ သိရှိရသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်နှင့်မြို့များတွင် လမ်းတံတားဆောက်လုပ်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ရေပြွန်၊ ရေမြောင်းနှင့် ရေပေးရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း(၂၁၆)ခုကို ချင်းပြည်နယ်စည်ပင်ယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းမှ သန်း (၁၀၀)ကြားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ အိတ်ဖွင့်တင်ဒါ ရွေးချယ်ခြင်း ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)