ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကန်ပက်လက်မြို့သို့လာရောက်သူ/ Facility Quarantine ထားရှိသူအနက် (၁)ဦးတွင် ပထမဦးဆုံး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ကန်ပက်လက်  နိုဝင်ဘာ   ၁၃

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့သို့ မန္တလေးမြို့မှ (၁၀.၁၁.၂၀၂၀) ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် လာရောက်သူများအနက် (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက် အရသိရသည်။

ယင်းဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်လာရောက်သူများမှာ မြို့အဝင်ဂိတ်မှ Facility Quarantine စင်တာသို့တိုက်ရိုက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဆေးစစ်ချက်အဖြေ Negative ဖြစ်မှသာ လုပ်ငန်းခွင့်သို့ဝင်ရောက်စေရန် စသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကိစ္စအဝဝကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ မှတာဝန်ရှိသူ များမှ ‌နေ့စဉ်ပုံမှန်ဆောင်‌ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာမှာ အသက်(၃၆)အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန် လျက် ရှိကြောင်း၊ ချင်းပြည်နယ်အတွင်းရှိမြို့နယ်များတွင် ကန်ပက်လက်မြို့နယ်သည် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လျက် ရှိရာမှ ယခုပထမဦးဆုံး အကြိမ် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)