ချင်းပြည်နယ်

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ဖလမ်းခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တီးတိန်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်သည်။

ခိုင်ကမ်းမြို့၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများသို့ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိအမှတ်(၁၊၂၊၃၊၄)ရပ်ကွက်တို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို ယနေ့ မွန်းလွဲ (၁၂)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့အဆင့် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲတို့ကမိဘပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရှိရသည်။

ကလေးမြို့မှ တက်လာသည့် ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်းတစ်ဦး၌ ကိုဗစ်-၁၉ရောဂါတွေ့ရှိ

ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်းနှစ်ဦးအား နိုဝင်ဘာ ၉ ရက် ညနေက ဖလမ်းမြို့ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဂိတ်၌ စစ်ဆေးရာမှ ကုမ္ပဏီဝန်ထမ်း တစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူးထံမှ သိရသည်။

ဟားခါး၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၀၂)စုတို့အား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှစတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

မတူပီ၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနအဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၊ ခရိုင်အား ကစားနှင့် ကာယပညာဦးစီးဌာနရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီက မတူပီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးရှေ့၌ ကျင်းပကြောင်း သိရသည်။

ရေဇွာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင် ရွက်ခဲ့ကြသည်။

မတူပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထ အကြိမ် မြောက်ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့မှ စတင်၍ အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။

မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပူပေါင်းစစ်ဆေးရေး ဂိတ်များတွင် မြို့နယ် ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှု စစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်းမှုဖြင့် အဖွဲ့ဝင်များ လိုက်ပါလျက် မတူပီ-မင်းတပ် မြို့အဝင်ဂိတ်၊ မတူပီ − ပလက်ဝလမ်းဂိတ်နှင့် မြို့ပေါ် လမ်းဆုံဂိတ်များတွင် ယမန်နေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်