ချင်းပြည်နယ်

ထန်တလန်မြို့၌ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ Save The Children နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီနိုင်ရေးအတွက် လူထုကျန်းမာရေး လုပ်သားအခြေခံ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်က စတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပို့ချသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း (၁၅)ခု ဆောင်ရွက်မည်

ချင်းပြည်နယ်၊တီးတိန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းဖြင့် လုပ်ငန်း (၁၅)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

ရိခေါ်ဒါရ်၌နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက သက်ဆိုင်ရာ အိမ်ထောင်စုများ အလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

WFP ကုလသမဂ္ဂက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မြန်မာမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲနှင့် အာဟာရမှုန့်များ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် (WFP) ကုလသမဂ္ဂက ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်(မြန်မာ) မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရမှုန့် များကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အားကစားခန်းမ၌ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ကျီခါးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရုံး Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်မှ နေအိမ်များအထိ လိုက်လံ အမှိုက်သိမ်းပေး

မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလိုင်စင်တင်ဒါ အောင်မြင်သည့် အဖွဲ့မှ မင်းတပ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်မှ ရပ်ကွက်နေအိမ်များအထိ သွားရောက်ကာ အပတ်စဉ်တိုင်းအမှိုက်များ သိမ်းလျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့၌ နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးသွား ပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့်​ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းများကို နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၂၄) ဦးတို့အား ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။

ရေဇွာမြို့ လွေးတွီပေါဆုတောင်းတောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ရန်အတွက် တက်လမ်း တစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို၏ အနောက်ဘက် (၁)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသော လွီးတွီပေါဆုတောင်း တောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အနားယူနိုင်ရန်အတွက်၊ လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များနှင့် အညီဖြစ်စေရန်အတွက် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် လူငယ်များပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်