ခိုင်ကမ်း နိုဝင်ဘာ ၁၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့သည် ချင်းပြည်နယ်မြောက်ပိုင်း အဝင်/အထွက် တံခါးဖြစ်သည့် အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။
သို့ဖြစ်ရာ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခိုင်ကမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် နိုဝင်ဘာ ၁၈ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ကို ဖြတ်ကျော်၍ သွားလာရမည့် ဆိုင်ကယ် မော်တော်ယာဉ်များနှင့် တီးတိန်မြို့နယ်အတွင်းရှိ အများပြည်သူ အနားယူအပန်းဖြေရန် နေရာများဖြစ်သည့် ထေးဇန်ကျေးရွာ၊ အာလွယ်ကျေးရွာ လေသာတောင်များသို့ လူအများအုပ်စုဖွဲ့ကာ နေ့ချင်းပြန်ခရီးများ သွားလာသူများ၊ နေစဉ်တီးတိန်မြို့နယ် အတွင်းသို့ သွားရောက်သည့် ဈေးသည်များ (ဆိုင်ကယ်၊ကား)ကို သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကျန်းမာရေးထောက်ခံချက် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့်သာ ခရီးသွားလာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
ဝုန်လွန်းညောင်