တီးတိန် နိုဝင်ဘာ ၁၉
ချင်းပြည်နယ်၊တီးတိန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းဖြင့် လုပ်ငန်း (၁၅)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အဆိုပါလုပ်ငန်းတွင် စည်ပင်ဝန် ထမ်းအိမ်ရာ (၁၁၂×၃၀×၂၄)ပေ၊ (၄)ခန်းတွဲ RC (၂)ထပ်တည် ဆောက်ခြင်း၊ မြို့မစျေး အသားရောင်းဆိုင်(၁၈×၁၆×၁၀)ပေ၊ နံကပ်အဆောက်အဦး (၁)ထပ်တည်ဆောက်ခြင်း၊ မိတ္တူ ကူးစက် (Canon 2204L) ၁ လုံးဝယ် ယူခြင်း၊ နေစုလမ်း (၆၆၀×၁၂)ပေ၊ ကတ္တရာခင်းခြင်း၊ ကားကြီး /ကားလေးဝင်းတည်ဆောက်ခြင်းနှင့် (၁၀၅၆၀×၂၁)ပေ၊ လမ်းသစ်ဖောက်လုပ်ခြင်း၊ တီးတိန်မြို့ ပွန်းပီးရေထွက်မှ မြို့တိုးချဲ့နေရာအထိ ရေပေးရေး Detail Survey & Design ရေးဆွဲခြင်း၊ (၁၈)မိုင် လမ်းသစ်ဖောက်လုပ်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း ခန့်မှန်းတွက်ချက်မှုကျပ်သန်း (၂၅၀၀)အနက် (၂၀၂၀- ၂၀၂၁)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၆၀၀)လျာထားခြင်း၊ လေးလုမ်းရပ်ကွက်တွင် (၁၁၅×၁ ဒသမ ၅×၁ ဒသမ ၅)ပေ၊ အိမ်ကြားရေမြောင်းလမ်းပြုလုပ်ခြင်း၊ ထန်ဟိုးလမ်း (၁၇၂×၁၀)ပေ၊ ကတ္တရာခင်းခြင်းနှင့် အိမ်ကြားလမ်း (၂၃၀×၆) ပေ၊ ကွန်ကရစ်ခင်းခြင်း၊ လွယ်ဘွာ လ်းရပ်ကွက်တွင် (၂၈၇၈×၁၀)ပေ၊ အထ က-၂ သွားလမ်းကတ္တရာ ခင်းခြင်း၊ မြို့မရပ်ကွက်တွင် (၄၇၆×၁ ဒသမ ၅×၂)ပေနှင့် (၂၇၅×၀ ဒသမ ၇၅×၁၅)ပေ၊ အိမ်ကြားရေမြောင်း နှစ်ခုနှင့် (၈၀×၁၂)ပေရှိ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် စကောလမ်းရပ်ကွက်-တက်လွီးလမ်း (၂၃၇၅×၁၀) ပေ၊ ကွန်ကရစ် ခင်းခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒေါ်ကျင်းဟွဲလွန်း ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)