တီးတိန်မြို့နယ် (On Farm) စပါးစမ်းသပ်ကွက်တွင် အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်းထွက်ရှိ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသန ဌာနစုတို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း၍ အရည်အသွေးကောင်းမွန်သော On Farm စပါး (၁၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ၂၀၂၀ ခုနှစ်၊ မိုးရာသီတွင် တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်) ကျေးရွာနေ တောင်သူ ဦးလျန်းဆောမ်းထန် စိုက်ကွက်တွင် ပြုလုပ်ရာ ပျှမ်းမျှစပါးအထွက်နှုန်း အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်း ထွက်ရှိကြောင်း သိရသည်။