မင်းတပ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်မှ နေအိမ်များအထိ လိုက်လံ အမှိုက်သိမ်းပေး

မင်းတပ် နိုဝင်ဘာ ၁၈

မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလိုင်စင်တင်ဒါ အောင်မြင်သည့်အဖွဲ့မှ မင်းတပ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်မှ ရပ်ကွက်နေအိမ်များအထိ သွားရောက်ကာ အပတ်စဉ်တိုင်းအမှိုက်များ သိမ်းလျက် ရှိကြောင်း သိရသည်။       

မင်းတပ်မြို့တွင် ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး အမှိုက်များကို မြို့ပေါ်ရပ်ကွက်နေအိမ်များသို့ သွားရောက်ကာ အလှည့်ကျ သိမ်းပေးလျက်ရှိပြီး မြို့ပေါ်သန့်ရှင်းသာယာလှပရေး၊ ပြည်သူများစည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ခြင်းမပြုကြရေးတို့အတွက် ရည်ရွယ်ကာ အမှိုက်သိမ်းပေးရခြင်း ဖြစ်ကြောင်း အဆိုပါအမှိုက်များကို စည်ပင်သာယာရေးဦးစီးဌာနမှ သတ်မှတ်ပေးထားသော နေရာတွင်သာ စနစ်တကျစွန့်ပစ်ပြီး မီးရှို့ဖျက်ဆီးကာ အမှိုက်များကို အိတ်အသေးတစ်အိတ်လျှင် ၂၀၀ ကျပ်၊ အိတ်အကြီး တစ်လုံးလျှင် ငွေကျပ် ၅၀၀ တောင်းခံလျက်ရှိကြောင်း သိရသည်။           

ခွီရှိန်းမောင်း(မင်းတပ်)