ဖလမ်း ဖေဖော်ဝါရီ ၃
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာဟောင်း သတ္တမ မြောက်နေ့အသင်းတော် သင်းအုပ်ဆရာ ဦးဂိုးဇမန် နေအိမ်နှင့် အနီးရှိ သတ္တမမြောက်နေ့ အသင်းတော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီက မီးလောင် ကျွမ်းပျက်စီး သွားကြောင်း တွန်းဇံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှ သိရသည်။
မီးလောင်ကျွမ်းမှုကို ကျေးရွာနေပြည်သူများက စုပေါင်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် စုပေါင်းမီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဘဲ သတ္တမမြောက် နေ့အသင်းတော် သင်းအုပ်ဆရာ ဦးဂိုးဇမန် နေအိမ်(၂၄×၂၄×၉)ပေရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနှင့် သတ္တမမြောက်နေ့အသင်းတော် ဘုရားရှိခိုးကျောင်း (၄၂×၂၄×၁၂)ပေရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး တို့ မီးလောင်ကျွမ်းပျက်စီးသွားကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)