လိပ်သိုတွင် တောင်ပေါ်ကွမ်းကြမ်းများ ဈေးကောင်းရရှိနေ၍ စိုက်ပျိုးထားသူ တောင်သူများ အဆင်ပြေ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက်တောင်ပေါ် ကွမ်းကြမ်းများမှာ ဈေးကောင်းရရှိနေ၍ ကွမ်းကြမ်းစိုက်ပျိုးထားသူ တောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။