ဘားအံမြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
ဒီဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြင့်တင်စို့ ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခြေခံပညာဆရာ၊ ဆရာမများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။