မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

မြဝတီ  ဇွန် ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသည့် အများပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့ည ၇ နာရီအချိန်၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရေကြီးခြင်းသတိပေးထုတ်ပြန်ချက်အား အသိသတိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာ၌ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ကြီးကြပ်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးဦးဉာဏ်မြင့်၊ ခရိုင်ဘေးအန္တရာယ်လျော့ပါးရေးနှင့် အရေးပေါ်အမိုးအကာ ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မော်အောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက  မြဝတီမြို့၊ မြေနိမ့်ပိုင်းများ၌ နေထိုင်သည့်မိဘပြည်သူများအား သောင်းရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲကျော် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်၏ထုတ်ပြန်ချက်အရ ​မြစ်ရေကြီးခြင်းသတိပေးချက်နှိုးဆော်မှုအား ရပ်ကွက်အလိုက်လိုက်လံနှိုး ဆော်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)