ဘားအံမြို့နယ်၌ မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်လှကျေးရွာတွင် တက်သစ်စစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုကို ကရင်ပြည်နယ်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးစီမံကိန်း ဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါမရှိစေရေးနှင့် စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)