သံတောင်ကြီးအခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်တွင်စာဖတ်ရှိန်မြှင့်တင်ရေးဟောပြော

သံတောင်ကြီး ဩဂုတ် ၂၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့  အ‌ခြေခံပညာ အထက်တန်းကျောင်းစာကြည့်တိုက်ခန်းမတွင် ဆောင်ရွက်သည်။

ဦးစွာ  သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်လိုအေးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်မားရေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို ‌ရှင်းလင်းဆွေးနွေးဟောပြောသည်။

ဆက်လက်ပြီး   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်ဆုံးရှုံးခြင်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို  ပြသကြောင်းသိရသည်။

နော်နော်မူ