ဘားအံမြို့၌ ဒစ်ဂျစ်တယ်အသိပညာခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် ၂၀အား ဒစ်ဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းကို ယမန်နေ့က ဘားအံမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန Incubation Center ၌ ကျင်းပကြောင်း သိရသည်။