လိပ်သို ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့၌ ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပြိုင်ပွဲများ ကျင်းပသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ၊ သားရေကွင်းစွပ်ပြိုင်ပွဲတို့ကို ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၃၀ ပါဝင်ယှဉ်ပြိုင်ကြသည်။
ခင်လေးနွယ်