ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်တွင်  ကွမ်းသီးပျိုးပင်များ စတင်စိုက်ပျိုး

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကိုအဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလချိန် ကွမ်းသီးများကိုစတင်ပျိုးထားပြီး ၆ လခန့်အကြာတွင် ကွမ်းပင်ငယ်များဖြစ်လာကာ  တစ်နှစ်ကွမ်း သီးပျိုးပင်များကို မိုးရေများသော ဩဂုတ်လအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ယခုနှစ်ဇွန်လဆန်းပိုင်းမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

လိပ်သိုဒေသထွက် နနွင်းခြောက်တစ်ပိဿာလျှင် (၁၅၅၀ဝိ/-) ကျပ်အထိ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးရာသီကာလ နနွင်းခြောက်များ စျေးကောင်းရရှိလာသောကြောင့် နနွင်းခြောက်သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

ကွမ်တာကျေးရွာတွင် တိုင်းရင်းသားရေးရာနှင့်လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပသည်။

မြဝတီမြို့နယ်၊ ရေပူစမ်းကျေးရွာ၊ ဘုရင့်နောင်စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရေပူစမ်းကျေးရွာရှိ ဘုရင့်နောင်စာကြည့်တိုက်၌ ဆောင်ရွက်သည်။

ကွမ်တာကျေးရွာတွင် တိုင်းရင်းသားရေးရာနှင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက  လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်၊ ရေပူစမ်းကျေးရွာ၊ ဘုရင့်နောင်စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀:၀၀ နာရီက ရေပူစမ်းကျေးရွာရှိ ဘုရင့်နောင်စာကြည့်တိုက်၌ ဆောင်ရွက်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းရှိ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေး ပြည်နယ်အစိုးရအဖွဲ့မှ အဘက်ဘက်မှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်း၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၄)ခန်းတွဲ (၅)ထပ် RC ဝန်ထမ်းအိမ်ရာနှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြဝတီမြို့ ရွှေလဝန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအားသိရှိပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း စေရေးနှင့်  စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂:၀၀ နာရီက မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ရွှေလဝန်း ကိုယ်ပိုင်အထက်တန်း ကျောင်းခန်း မဆောင်၌ ကျင်းပပြုလုပ်သည်။         
Subscribe to ကရင်ပြည်နယ်