ပိုင်ကျုံမြို့ မူ (လွန်) မဲပရကျောင်း၌ ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ  စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုရှိ မူ (လွန်) မဲပရကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအား ကျောင်းသားလူငယ်များတို့မှ အသိပညာရရှိရန် ရည်ရွယ်၍ စက်တင်ဘာ ၁ ရက်နေ့က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။   

အဆိုပါ‌ ဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလျင်ဘေးအန္တရယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာဆောင်ရွက်ရမည့်အခက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။   

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြသသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)