လိပ်သို စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
လိပ်သိုဒေသရှိ ကျေးရွာတိုင်းတွင် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်၍ ဖာလာစိုက်ပျိုးသူတောင်သူများမှာ ဖာလာသီးများ ဆွတ်ခူးရန်အတွက် ဥယျာဉ်ခြံများသို့ သွားရောက်လျက်ရှိကြသည်။ အဆိုပါ နှစ်ရှည်သီးနှံဖြစ်သော ချဉ်ပေါင်ဖာလာများမှာ စတင်ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများမှာ စတင်ဆွတ်ခူး ထုတ်လုပ်အခြောက်ခံလျက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
ယမန်နှစ်က ချဉ်ပေါင်ဖာလာ စတင်ဆွတ်ခူးချိန်တွင် အခွံခြောက် တစ်ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ် စျေးရရှိခဲ့ပြီး ယခုနှစ်တွင်လည်း စျေးကောင်းရရှိရန် ဖာလာစိုက်တောင်သူများ မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)