မြဝတီမြို့၌ ၂၀၂၅ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

မြဝတီ  စက်တင်ဘာ 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာ၌ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၂၅) ဦး၊ အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၄) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၄) ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ကြီးကြပ်ကာ တာဝန်ကျဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)