ဘားအံမြို့၌ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ
ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၀)စက်မှုလယ်ယာစခန်း ဘားအံမြို့မှ ကောက်စိုက်စက် ဖြင့်တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ဘားကပ်စိုက်ပျိုးရေးနည်ပညာ ပြန့်ပွားရေးစင်တာအနီးရှိ ကွင်းအမှတ် ၁၀၀၉-ခ၊ ဘားကပ်အရှေ့ကွင်းရှိ တောင်သူဦးအုန်းသန်း၏ ၂ ဒသမ ၈၄ ဧကရှိ လယ်မြေ၌ ကျင်းပသည်။