ဘားအံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘားအံ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ် ဘားအံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်တို့က ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို အောင်သံလွင် ဘောလုံးအားကစားကွင်းရှေ့ မီးပွိုင့်လမ်းဆုံ၊ နာရီစင်ရှေ့ မီးပွိုင့် လမ်းဆုံနေရာဆုံ၊ နာရီစင်ရှေ့ မီးပွိုင့်လမ်းဆုံ‌နေရာတို့၌ ခရီးသွားလာ အများပြည်သူတို့အား ဖြန့်ဝေပေးခြင်းဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂါတ်သစ်ဆီသို့” “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍အခြားနည်းမရှိပါ” ပြည်သူများလိုလားသည့်  ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့"၊ "နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” ဟူသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်စာများပါရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)