မြဝတီ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအား နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် အဆိုပါစေတီတော်မြတ်ကြီး ဓမ္မဗိမာန်တော်အတွင်း ကျင်းပသည်။
ဦးစွာနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့ မြသုခ၊ အမှတ်(၂၇၅)တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒနှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြကာ မြသုခ၊ အမှတ်(၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒက တန်ဆောင်တိုင်လပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်ပေါ်လာပုံနှင့် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း အကျိုးတရားကိုမြွက်ကြားပေးသည်။ ဆက်လက်၍ စေတီတော်မြတ်ကြီးအား ရည်မှန်းကုသိုလ်ပြုကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ယင်းနောက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အာဟာရဒါန အာရုဏ်ဆွမ်း ဆက်ကပ်လှူဒန်းပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)