လိပ်သိုဒေသတွင် ရာသီစာဆေးဖက်ဝင် မလွှပွင့်များ ပေါ်ဉီးစအချိန် လိုက်လံကောက်ယူသူ များပြားလျက်ရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိနေသော မလွှပင်ကြီးများမှာ ယခုအချိန်တွင် စတင်ပွင့်နေပြီဖြစ်ရာ ရာသီစာဆေးဖက်ဝင်မလွှပွင့်များကို လိုက်လံကောက်ယူစုဆောင်းသူ များပြားလျက်ရှိနေကြောင်း သိရသည်။