ကော့ကရိတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အတွက် ဆန္ဒမဲပေးခြင်းကို ယနေ့၊ နံနက် (၆) နာရီအချိန်မှ စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့၌ ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကျေးရွာများတွင် လွတ်လပ်စွာတန်းစီ၍ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။