မြဝတီမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားနှင့် ကရင့်ရိုးရာကောက်သစ်စားပွဲတော်ကို အနှစ်သာရပြည့်ဝစွာ ကျင်းပ
ကရင်သက္ကရာဇ် ၂၇၆၃ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားနှင့်ကရင့်ရိုးရာကောက်သစ်စားပွဲတော်ကို ယနေ့နံနက် ၅နာရီခွဲက စတင်ကာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်း၌ အနှစ်သာရပြည့်ဝစွာ ကျင်းပသည်။