(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားသမားတည်းခိုဆောင် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦဖွင့်
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဇော်သကကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ကရင်ပြည်နယ်အားကစားသမား တည်းခိုဆောင် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းအနီးရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။