လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို ဖေဖော်ဝါရီ ၁၀

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် “(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့” ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စု အမွေ အနှစ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ တိုင်းရင်းသားပြည်သူအားလုံးတို့၏ တာဝန်ပင်ဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အမိ မြန်မာနိုင်ငံတော်ကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားပေါင်းစုံသည် ရှေးပဝေသဏီကပင် အေးအတူပူအမျှ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ သမိုင်းအစဉ်အဆက် ပြည်ထောင်စုနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် မြန်မာဟု ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းမှာ ပြည်ထောင်စု တိုင်းရင်းသားများ သွေးစည်း ညီညွတ်စွာ စုပေါင်းနေထိုင်ကြသောကြောင့်သာဖြစ်ကြောင်း၊  ပြည်ထောင်စုဟူသော သွေးကြော မကြီး၏ မြစ်ဖျားခံရာသည် ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ပင်ဖြစ်ကြောင်းတို့ကို အသိ ပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ အကျယ်တဝင့် သိရှိစေရေးအတွက် ပြသဆောင်ရွက်ထားရှိမှုများကို  ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)