မြဝတီ ဖေဖော်ဝါရီ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံ၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ ကွင်းအတွင်းနေရာယူကာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းအခမ်းအနား စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကိုမြဝတီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး ဦးကောင်းစံလင်းက ဖတ်ကြားပေးသည်။
အဆိုပါအခမ်းအနားသို့ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းနာယက ဦးစောမုတ်သုန်၊ အမှတ်(၂၇၅) တပ်ရင်းမှူး ဗိုလ်မှူး ဇော်ဟံဦး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)