သံတောင်ကြီးဒေသထွက် ကွမ်းသီးအစိုများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာအများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာယခုအချိန်တွင်ကွမ်းသီးအစိုများဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ ကြောင်းသိရသည်။