ဘားအံ ဇန်နဝါရီ ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရေပူကြီးကျေးရွာ၌ ရာဇသုခအောင်ချမ်းသာစေတီ ထီးတော်တင်လှူခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါထီးတော်တင်လှူခြင်း အခမ်းအနားတွင် ဒုတိယမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တ ဉာဏိကထံမှ ငါးပါးသီလနှင့် သာဓုအနုမောဒနာတရားနာယူပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်အား နာယူဆောက်တည်ခဲ့ကြောင်း သိရသည်.
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က မြိုင်ကြီးငူဆရာတော်အား လှူဖွယ်ဝတ္ထုအစုစုနှင့် နဝကမ္မအလှူငွေတို့အား ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)