ဘားအံမြို့၌ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် စာအုန်းဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များ၊ အလုပ်မှုဆောင်များ၊ အရောင်းကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဇန်နဝါရီ ၂

ကရင်ပြည်နယ် ဘားအံမြို့၌ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ(လေ့လာစောင့်ကြည့်ရေးနှင့်သုတေသနအဖွဲ့)နှင့် ကရင်ပြည်နယ်အတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးနေသည့် ကုမ္ပဏီ/လက်လီ၊ လက်ကားကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ ကရင်ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ပြင်ဆင်ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့ တော်ဝင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က  အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူတွေရဲ့  နေ့စဉ်စားသောက်ချက်ပြုတ်ရေးမှာ အရေးပါတဲ့ စားအုန်းဆီကို ပြည်သူတွေ သင့်တင့်မျှတတဲ့ ဝယ်သူတွေ ဝယ်ယူသုံးဆွဲနိုင်ဖို့အတွက် လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဈေးနှုန်းမှန်ကန်ဖို့နဲ့ အရည်အသွေးကောင်းမွန်ဖို့က ကျွန်တော်တို့အားလုံးရဲ့ တာဝန်လည်းဖြစ်ပါတယ်။ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကို စီးပွားရေးသက်သက် လုပ်ဆောင်ခြင်းထက် ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါကြောင်း အဖွဲ့အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ စားသုံးဆီတင်သွင်းသှိလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်တို့က စားသုံးဆီ သိုလှောင်တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာကြသည့် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် စားအုန်းဆီဖြန့်ဖြူးနေသည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ လက်ကားကိုယ်စားလှယ်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)