ကရင်ပြည်နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ဘားအံ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးရေး၊ စစ်ဆေးအရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည့်အတွက် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၁/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင်  ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းသာမက ယာဉ်မတော်တဆမှုများမဖြစ်စေရေး ကြိုတင်ကာကွယ်သည့် နည်းလမ်းများကို ပိုမိုအလေးထားရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး၊ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းစဉ်များကို ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ခရိုင်/မြို့နယ်အလိုက် အကြံပြုဆွေးနွေးတင်ပြ၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဇေဝင်းက ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြပ်မတ်ထိန်းသိမ်းမှု၊ လအလိုက်ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုနှိုင်းယှဉ်ချက်၊ Quick Win အစီအမံ(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး တွဲဘက်အတွင်းရေးမှူးက ကရင်ပြည်နယ်အတွင်း ၃ နှစ်တာကာလ ယာဉ်မတော်တဆမှု၊ ဒဏ်ရာရသေဆုံးမှုအခြေအနေများနှင့် လျော့နည်းကျဆင်းလာသည့်အခြေအနေ၊ မြို့ပြအင်္ဂါရပ်နှင့်မညီသောယာဉ်အိုယာဉ်ဟောင်းများ၊ ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု၊ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေး ယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့်ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးကြ ရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)