လိပ်သို မတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများမှ ဒေသခံများသည် မိမိတို့၏အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာများတွင် တစ်နိုင်တစ်ပိုင်အဖြစ် ရာသီနှင့်ကိုက်ညီသော စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားကြရာ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
ဒေသခံများသည် မိသားစုစားသုံးရန်နှင့် လက်ဆောင်ပေးရန်အပြင် ပိုလျှံသောရွှေဖရုံသီးများကို ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ ရွှေဖရုံသီးမှာစီးပြီး ချိုသောအရသာရှိသဖြင့် နှစ်ခြိုက်စွာဝယ်ယူစားသုံးကြကြောင်း၊ ရွှေဖရုံပင်များကို စင်ထောင်၍လည်းကောင်း၊ အပင်များကို များသောအားဖြင့် မြေပေါ်တွင် လျှောက်သွားစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။
လိပ်သိုမြို့ပေါ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် အရွယ်အစားအလိုက် ငွေကျပ် (၁၅၀ဝိ/-) မှ (၂၀၀ဝိ/-) ကျပ်အထိ ဈေးရရှိကြောင်း၊ ရွှေဖရုံပင်များအပြင် ကျောက်ဖရုံ၊ ဘူး၊ သခွား၊ ချဉ်ပေါင်၊ ပီလောပီနံ၊ ငရုတ်၊ ပဲတို့ကိုလည်း မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)