လိပ်သို မတ် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့် နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအားထား လုပ်ကိုင်အသက်မွေးကြရာ တညင်းသီးပင်သည်လည်း ဒေသခံများ အားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည်။
ယခုနှစ် တညင်းသီးပေါ်ချိန် နီးကပ်လာသည့်နှင့်အမျှ ဒေသတွင်းရှိ တညင်းသီးပင်များတွင်လည်း တညင်းပွင့်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိပြီး အသီးအထွက်နှုန်း ကောင်းမွန်ရေးကိုလည်း မျှော်လင့်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အခုလို တညင်းပွင့်တွေ ဝေဝေဆာဆာဖူးပွင့်ချိန်မှာ မိုးတစ်ပြန်လောက် ရွာပေးရင်တော့ အသီးတင်မယ်၊ အသီးထွက်နှုန်းကောင်းမယ်။ သူက အပင်ကြီးမျိုးဖြစ်တော့ အသီးထွက်နှုန်းကောင်းဖို့ မိုးကိုပဲ မျှော်ရတော့တာပေါ့” ဟု တညင်းသီးခြံပိုင်ရှင်တစ်ဦးက ပြောသည်။
ယခင်နှစ်က တညင်းသီးပေါ်ချိန်တွင် လေးထောင့်တစ်ပုံးလျှင် ကျပ် (၂၀,၀၀ဝိ/-) မှ (၃၀,၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရရှိရာ တညင်းပင်များအား ပြုပြင်ထိန်းသိမ်းလာကြသကဲ့သို့ ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)