ကရင်ပြည်နယ်

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကရင်ပြည်နယ်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(ဘားအံ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် ရေဘေးသင့် ပြည်သူများအား စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဇူလိုင်လ ဒုတိယအပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနိမ့်မြုပ်သည့် အမှတ်(၃)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် ရေဘေးသင့် ပြည်သူများအား  mytel ဆက်သွယ်ရေး အော်ပရေတာမှ တာဝန်ရှိသူများတို့က  စားနပ်ရိက္ခာများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လှိုင်းဘွဲတပ်နယ်မှ နယ်လှည့်ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လှိုင်းဘွဲတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်မြင်သာယာဘုန်းတောင်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂)စုအား ထောက်ပံ့ငွေ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တွယ်တက်စေသောနည်းဖြင့် တောင်ပေါ်ကွမ်းကြမ်းများ စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တောင်ပေါ်ကွမ်းကြမ်းပင်များကို တွယ်တက်စေသောနည်းဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့် ဉာဏ်ဏစွမ်းရည် မြှင့်မား‌စေရေးအတွက် ယမန်နေ့က အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာ‌‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ကျေးရွာ(၅၁) ရွာသို့ ရန်ပုံငွေ ကျပ်သန်း ၉၉၀ လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာ (၅၁)ရွာသို့ ရန်ပုံငွေ ကျပ်သန်း(၉၉၀)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြဝတီမြို့၌ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကရင်ပြည်နယ်၊  မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။

ဘားအံမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ)၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသူများ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်
Subscribe to ကရင်ပြည်နယ်