ပိုင်ကျုံ ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဇူလိုင်လ ဒုတိယအပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနိမ့်မြုပ်သည့် အမှတ်(၃)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် ရေဘေးသင့် ပြည်သူများအား mytel ဆက်သွယ်ရေး အော်ပရေတာမှ တာဝန်ရှိသူများတို့က စားနပ်ရိက္ခာများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်တွင် Mytel ဆက်သွယ်ရေးအော်ပရေတာမှ ဦးသန့်ဇော်ဦး (Business Manager) နှင့် အဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒု-မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အိအိဖြူနှင့် တာဝန်ရှိသူများတို့က အမှတ်(၃)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် ရေဘေးသင့် အိမ်ထောင်စု(၅၀)စု၊ လူဦးရေကျား (၁၂၀)ဦး၊ မ(၁၃၂)ဦး၊ စုစုပေါင်း(၂၅၂)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျင် ဆန်(၄)ပြည်၊ ဆီ(၁)လီတာ၊ ဆား(၂)ထုပ်၊ အချိုမှုန့် (၂)ထုပ်၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်ဥ(၆)လုံး၊ ခေါက်ဆွဲခြောက် (၃)ထုပ်နှုန်းဖြင့် စုစုပေါင်း (၂၄) ပြည်ပါ ဆန်(၈)အိတ်နှင့်(၈)ပြည်၊ ဆီ(၅၀)လီတာ၊ ဆား(၁၀၀)ထုပ်၊ အချိုမှုန့် (၁၀၀)ထုပ်၊ ကြက်သွန်နီ(၅၀)ပိဿာ၊ ကြက်ဥ(၃၀၀) လုံး၊ခေါက်ဆွဲခြောက်(၁၅၀)ထုပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့များသည် ပိုင်ကျုံမြို့နယ်အတွင်းရှိ ရေဘေးသင့်သည့် ပြည်သူများတို့အား စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် စားနပ်ရိက္ခာများ အစဉ်အမြဲ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)