လှိုင်းဘွဲမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂)စုအား ထောက်ပံ့ငွေ ပေးအပ်

လှိုင်းဘွဲ သြဂုတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီတို့က (၃.၈.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သည် ရွှေဂွန်းကျေးရွာ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၄)သိန်း၊ ဆန်ရိက္ခာ (၇) ရက်စာအတွက် ထောက်ပံ့ငွေ (၁၂၆၀၀)ကျပ်တို့အား ကမ်းပါးပြိုဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)