လှိုင်းဘွဲ သြဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လှိုင်းဘွဲတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်မြင်သာယာဘုန်းတောင်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် လှိုင်းဘွဲတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အောင်မြင်သာယာဘုန်းတော်ကြီးကျောင်းရှိ ဆရာ တော်/ သံဃာတော်များ၊ ရှင်သာမဏေများ၊ ကျောင်းဝေယျာဝစ္စဆောင်ရွက်နေသူများအား အထွေထွေရောဂါများ တိုင်းတာပေးခြင်း၊ ကုသပေးခြင်း စသည့် ဆေးကုသမှုလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)