မြဝတီမြို့ အ.ထ.ကခွဲ(၁)၌  ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မြဝတီ စက်တင်ဘာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂-၂၀၂ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့က အဆိုပါကျောင်းဝင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ပြိုင်ပွဲဝင်မည့် ရွှေဖားစည်၊ ဒေါန၊ သောင်ရင်း၊ ရွှေမြဝတီနှင့် ဇွဲကပင်အသင်းငါးသင်းမှ မျိုးဆက်သစ်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ စစ်ကြောင်းမှူးကဦးဆောင်ကာ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းဆောင်ရွက်ပေးပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်က   ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ကျောင်းစာ သင်ကြားသင်ယူမှုအပြင် ကာယ၊ ဉာဏ၊  စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံပညာရေးဆိုသည့် စနစ်သစ်ပညာရေးတွင် ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရန် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်မည့် ပွဲစဉ်အုပ်စု(၁)၊(၂)မှ အသင်းလိုက် အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုပြီးနောက်  မြဝတီခရိုင်အားကစားနှင့်   ကာယပညာဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်က အားကစားပစ္စည်းများ  ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်က လက်ခံရယူသည်။

ဆက်လက်၍ အ.ထ.ကခွဲ(၁)မှ ကျောင်းသား၊  ကျောင်းသူများက ဘင်ခရာတီးမှုတ်ခြင်းနှင့်  ကျောင်းသူလေးများက Fitness  Dance အကအလှတို့ဖြင့် ဧည့်ခံဖျော်ဖြေပေးပြီး  Old Star ညွန့်ပေါင်းဥက္ကဋ္ဌ ဦးကြည်စိုးက ဘောလုံးစတင်ကန်ပေးခြင်းဖြင့် ပြိုင်ပွဲစတင်ခဲ့ရာ အသင်းငါးသင်းမှ  ဘောလုံး အားကစားများက ပွဲစဉ်အုပ်စုအလိုက် စတင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်းသိရသည်။

ဇာဖြူဝင်း(မြဝတီ)