လိပ်သို စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများမှာ မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးထားကြရာ ငရုတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
ဒေသခံများမှာ မိမိတို့၏ အိမ်ခြံမြေများတွင် ယာဒိုပဒေါင်ငရုတ်သီး၊ မိုးမျှော်သီး၊ ရုရှားသီး၊ ကုလားအော်သီးတို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း အဆိုပါ ငရုတ်ပင်များမှာ သဘာ၀မြေဩဇာကိုသာသုံး၍ စိုက်ပျိုးထားကြပြီး အသီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင် မိသားစု စားသုံးရန်အတွက်အပြင် ပိုလျှံသော ငရုတ်သီးများကို မြို့ပေါ်ရှိ ဈေးဆိုင်များတွင် သွင်း၍ ရောင်းချကြကြောင်း သိရသည်။
ဒေသခံများမှာ ယခင်က တောင်ငူမြို့မှ လာရောက်ရောင်းချသော ငရုတ်သီးများကိုသာ ဝယ်ယူစားသုံးခဲ့ကြကြောင်း၊ ယခုလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခြင်းဖြင့် မိသားစု ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ခြွေတာနိုင်သည့်အပြင် အပိုဝင်ငွေပါ ရရှိနိုင်ကြောင်း ငရုတ်စိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)