လိပ်သို စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒေသနေပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံး ပြုကြစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များလာရောက် ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။
လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့ပေါ်၊ ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား စာပေဗဟုသုတ ပြည့်စုံကြွယ်ဝသူများ ဖြစ်စေရန်အတွက် ပြည်သူ့စာကြည့်တိုက်အား အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ သုတ၊ ရသစာအုပ်စာစောင်များအား ငှားရမ်းပေးမှုကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူတစ်ဦးလျှင် (၂) အုပ်နှုန်း ရက်သတ္တပတ် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခင်လေးနွယ်(လိပ်သို)