ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။

ဘားအံ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦးရေးသားသော “မိုးနှောင်းဆောင်းဦးအဖျားကြူးလျှင်နှင့် အခြား ကျန်းမာရေးဆောင်းပါးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အ.လ.က (၁) ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့မွှန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းဝင်း၌ ကျင်းပသည်။

ပိုင်ကျုံမြို့ အ.မ.ကဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ အ.မ.က ဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စူဋ္ဌဘွဲ့နှင်းသဘင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူ

သာသနာတော်နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူသရုပ်ပြ

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လေ့ကျင့်သားပြည့်ဝစေရန် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အားကစားသမားတည်းခိုဆောင်(၅)ထပ် အဆောက်အဦ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်