အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်မှ လူငယ်ရေးရာကဏ္ဍအကြောင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီချိန်ကပြုလုပ်ခဲ့သည်။
Sep 11,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ စာပေ လေ့လာဖတ်ရှုကြစေရန်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
Sep 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းပြည်သူ့ဆေးရုံတွင်  ယမန်နေ့နံနက်(၇)နာရီ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
Sep 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Sep 11,2023
(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဥ်ကျေးမှုအဆိုအကအရေးအတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ City Home ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ကွန်ပျုတာအခြေခံသင်တန်း( အခမဲ့)ကို ဖွင့်လှစ်ခဲ့ရာ  ယမန်နေ့က သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Sep 11,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များကို ခွင့်ပြုလိုင်စင်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နေ့လယ် ၁ နာရီအချိန်က မြို့မဈေးအတွင်း၌ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီများ ရောင်းချပေးခဲ့ ကြောင်း သိရသည်။