အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၆)ရှိ တောင်သူ-ဦးစိုင်းအေထွမ်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထားသည့် လယ်မြေနေရာ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၆) တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းပိတ်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရာသည်။
Sep 12,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီရုံးနှင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။
Sep 12,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရသည် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် သင်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)၌ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Sep 12,2023
လယ်ယာကဏ္ဍတွင် စက်ကိရိယာများ အစားထိုးသုံးစွဲ၍ တောင်သူများ လယ်ယာသုံးစက်ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုမောင်းနှင် ထိန်း သိမ်းတတ်စေရန်၊ ဒေသခံတောင်သူအချင်းချင်း နည်းပညာဆင့်ပွား ပေးနိုင်ရန်နှင့်တောင်သူများ လက်ဝယ်၌ လယ်ယာသုံး စက်ကိရိယာပိုင်ဆိုင်မှု တိုးတက်မြင့်မားလာပြီး၊ စက်မှုလယ်ယာစနစ်သို့ လျှင်မြန်စွာ ကူးပြောင်းနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ စက်မှုလယ်ဦးစီးဌာန၊ အမှတ် (၆၅) စက်မှုလယ်ယာ စခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ငုတ်ကျေးရွာအုပ်စု၊ နန်းရုပ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2023
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
Sep 12,2023
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ပြောင်မြောက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။